Networking Seminar

#ဂုဏ်ယူရတဲ့နေ့ပါ…

CLC College ရဲ့ (၅) နှစ်ပြည့်အမှတ်တရအနေဖြင့်မန္တလေးမြို့မှာ Seminar ကျင်းပခဲ့ပါတယ်။

CLC College မှာ EMBA Strategies Management, Operation Management ဘာသာရပ်များသင်ကြားတဲ့ ဆရာကြီးဒေါက်တာ Aung Thura

CLC College ရဲ့ EMBA အတန်းမှာ HR ဘာသာရပ်သင်ကြားတဲ့ တီချယ်ကြီး ဒေါ် Sandi Win တို့မှ ဟောပြောချက်များမှာစိတ်ဝင်စားစရာဖြစ်ပြီး ဗဟုသုတများစွာရရှိခဲ့ပါတယ်။

🪴🪴🪴🪴🪴

အစီအစဉ် ဒုတိယပိုင်းအနေဖြင့် “ဝန်ထမ်းဘဝမှလုပ်ငန်းရှင်” သို့ခေါင်းစဥ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။

ကုမ္ပဏီက ဝန်ထမ်းအရောင်းသမားဘဝမှ နိုင်ငံခြားကုမ္ပဏီကြီးတွင် General Manager ထိ လုပ်ကိုင်ခဲ့ပြီး မြန်မာပြည် Aircon ဈေးကွက်တွင် Top 10 လုပ်ငန်းရှင်ဖြစ်လာသူ Mr.Mandalay ရဲ့ ပဲ့ကိုင်ရှင် ကို Ode Soe Than …

✅️✅️✅️

ပဲ-ပွဲရုံအလုပ်သမလေးဘဝမှ ကြိုးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှု ဖြင့် အရင်းတည်ပြီးကျောက်မျက်ကုမ္ပဏီလုပ်ငန်း၊ ရွှေမိုး ကချင်ရိုးရာပိုးထည်နှင့် ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် မမိုး @ Ahan Hmue Paing Moe

✅️✅️✅️

တောသား..
ဘုန်းကြီးကျောင်းသား…
အလုပ်စဝင်တော့ ဆေးကုမ္ပဏီမှာ အကူအလုပ်သမား (Helper) ဘဝ မှ နောက် ၂၀ ကြာချိန်မှာ မန္တလေးမြို့တွင် Hein Pharmacy (ဟိန်းဆေးဆိုင်) ၅ဆိုင်ပိုင်ရှင်ဖြစ်လာသူ ကို ZawZaw Htun

✅️✅️✅️

ကျောင်းမပြီးသေးခင်ထဲက ကုမ္ပဏီဝန်ထမ်းလုပ်ခဲ့သူ၊ ကုမ္ပဏီဝန်ထမ်းအစက သိုလှောင်ရုံ(စတို) ဝန်ထမ်း ၊ နောက် စာရင်းဌာနရောက်ပြီး အထပ်လူကြီးမှယုံကြည်စွာဖြင့် “ငွေကောက်ခံ” ခြင်းလုပ်ခဲ့ရသူ…
ကိုယ်ပိုင်လုပ်ငန်းတွေစတင်လုပ်ကိုင်တော့ အကြွေးတွေနဲ့စခဲ့ရသူ…ကြိုးစားအားထုတ်မှု၊ဇွဲရှိမှု၊ မိတ်ဆွေတွေနဲ့ကောင်းမွန်စွာဆက်ဆံရေးတည်ထောင်နိုင်ခဲ့သူ..
ဖြတ်သန်းလာတဲ့အခက်အခဲတွေကို ကြိုးစားမှုဖြင့်အောင်မြင်စွာဖြတ်သန်းလာခဲ့သော @PYAE PHYO – Electronic ရဲ့ ပိုင်ရှင် မ Khin Thida ရဲ့ ဖြတ်သန်းလာခဲ့သောအတွေ့အကြုံများကိုမျှဝေပေးကြပါသည်။

တက်ရောက်လာကြသောလူငယ်များအတွက် “မိုတီများစွာ” ရရှိခဲ့သောပွဲတစ်ပွဲဖြစ်ခဲ့ရပါသည်။

🪴🪴🪴🪴🪴

ပွဲရဲ့တတိယအစီအစဥ်အဖြင့်
လူသားအကျိုးပြုထူးချွန်လုပ်ငန်းရှင် (၂) ဦးအားဖိတ်ကြားခဲ့ပါတယ်…

သဘာဝစွန့်ပစ်ပစ္စည်းများမှထုန်လုပ်သော ဖော့ဘူးအစားထိုးကွမ်းရွက်ဖြင့်ပြုလုပ်သည့်ဗူးများ၊ပုဂံခွက်ရောက်များထုတ်လုပ်သည့် လုပ်ငန်းရှင် Ko Kyaw Kyaw Moe

ဆီးချိုသမားများအတွက် “စေတနာ” အပေါ်အခြေခံပြီးထုတ်လုပ်သည့် “ယာကွမ်းဆီးချိုလက်ဖက်ခြောက်” လုပ်ငန်းပိုင်ရှင် ကို Nyi Nyi Nyi ကိုညီညီထွန်းလွင် တို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။

CLC College ၅နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ လူသားအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ပါသည်။

ခန်းမအပြည့်အားပေးသော မိတ်ဆွေများအားလုံးအားလည်းအထူးကျေးဇူးတင်ရှိပါတယ်။

အစစအရာရာ ဝန်ဆောင်မှုအထူးပြုပေးသော Swallow Hotel မိသားစုဝင်များကိုလည်းကျေးဇူးတင်ရှိကြောက်းမှတ်တမ်းတင်အပ်ပါသည်။

CLC College Professor ဆရာကြီးဒေါက်တာ Zeya Oo , CLC College မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများကိုလည်းအမှတ်တရ ကျေးဇူးတင်ရှိပါသည်။
Ko Nann , Phyu Phyu Myint Maung တီချယ် Zar Oo , Cho Zin Thet , Ei Phyo

နောက်ကွယ်မှ အစစအရာရာကူညီပေးသော ဇနီးသည် Snow Yuki အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးပေးကြသော Sponsor ကုမ္ပဏီများကိုလည်းကျေးဇူးတင်ရှိပါသည်🙏🏻🙏🏻🙏🏻

အမှတ်တရများစွာဖြင့်…

Aung Si Lin
25.O2.2O24

Facebook
Twitter
LinkedIn

Created by

CLC

Continuous Learning College

Recent Posts