We are One Networking မှ ပြုလုပ်ပေးတဲ့ လစဥ် Seminar လေးက အားလုံးကိုအကျိုးရှိစေပါတယ်။
“How to Start Export Business” အကြောင်းဆွေးနွေးကြပါတယ်။
မြန်မာ့ထုတ်ကုန်တွေကို နိုင်ငံတကာကိုဘယ်လိုတင်ပို့ကြမလဲ? ဆွေးနွေးကြပါတယ်။
ကျွန်တော်အနေနဲ့ မြန်မာအမှတ်တံဆိပ်တွေကို နိုင်ငံတကာ (အထူးသဖြင့် မြန်မာလူမျိုးတွေရှိတဲ့တိုင်းပြည်များ) ကို ထိုးဖောက်ရောင်းချတာကိုအားပေးပါတယ်။
စျေးကွက်တိုးချဲ့တဲ့အခါ ပြည်တွင်းသာမက ပြည်ပကိုလည်းတိုးချဲ့ဖို့စဥ်းစားသင့်ပါတယ်။
ကျွန်တော်စဥ်းစားမိတာက ကိုရီးယားက ကင်ချီက မြန်မာပြည်ရောက်နေရင် (မြန်မာတွေတောင်ကြိုက်နေကြပြီ) မြန်မာပြည် က လက်ဖက် ကလည်း ကိုရီးယားကို ပြန်ပြီးဈေးကွက်ထိုးဖောက်အောင်ကြိုးစားချင်တာပါ။
မြန်မာပြည်မှ
တင်တင်အေးမုန့်ဟင်းခါး…
မချေရဲ့ ရခိုင်မုန်တီ
Eain Chat – အိမ်ချက် မြန်မာငပိရေ၊ ပဲပြုတ်
မြင့်မြင့်ခင်ထိုးမုန့်
U Kar Ka- ဦးကာက ဒေါ်စိန်လက်ဖက်ခြောက် /လက်ဖက်စို
မုံရွာမြို့က နေလ-သန့်စင်ပြီးပျားရည်
ပုဂံမြို့က မြင်းပျံပုန်းရေကြီး
မြစ်သားမြို့မှ A1 Family – အေဝမ်းမိသားစု ထုတ်တဲ့ A1 အမှတ်တံဆိပ်ငရုတ်သီးမှုန့်များ
မန္တလေးမြို့မှ Dingar Bakery
ရန်ကုန်မှာထုတ်တဲ့ ပွင့်ဖြူမြေပဲကြော်
စတဲ့ မြန်မာပြည်က နာမည်ကြီးအမှတ်တံဆိပ်ထုတ်ကုန်တွေ နိုင်ငံတကာ (အထူးသဖြင့် အိမ်နီးနားချင်းတိုင်းပြည်) ကို ဈေးကွက်တိုးချဲ့စေချင်ပါတယ်။
ဒီ Seminar လေးက
တကယ့်ကို We are One Networking မှ မိတ်ဆွေလုပ်ငန်းရှင်များအတွက်အကျိုးရှိတဲ့ ဆွေးနွေးပွဲလေးဖြစ်ပါတယ်။
တစ်နေကုန် Workshop လေးတစ်ခုလုပ်ဖို့လည်းကြိုးစားနေပါတယ်။ လက်ရှိ Export လုပ်နေသူတွေကိုဖိတ်ကြားပြီး ဆွေးနွေးပွဲလုပ်ပါမယ်။
We are One Networking မှာ မိတ်ဆွေများနှင့် အတွက်ပိုပြီးကြိုးစားပါအုံးမယ်။ မိတ်ဆွေလုပ်ငန်းရှင်များကိုလည်း Networking မှာပါဝင်ကြဖို့ဖိတ်ခေါ်ပါတယ်။
အမှတ်တရ
Aung Si Lin
#WeAreOne