Day 6 We are One Industrial Visit Trip in Thailand

Day 6
We are One Industrial Visit Trip in Thailand 🇹🇭

မနေ့က Hotel ရောက်ချိန် ည ၁၂ နာရီထိုးလို့ အခုမှရေးတင်လိုက်ရပါတယ်။

အလှကုန်စက်ရုံ
ခေါက်ဆွဲစက်၊ ငါးသေတ္တာစက်ရုံများကိုလေ့လာခဲ့ပါတယ်။

အားလုံးက သူတို့စက်ရုံထုတ် ထုတ်ကုန်တွေကို OEM ထုတ်ပေးနိုင်ကြောင်းပြောပါတယ်။

ထုတ်ကုန်ပစ္စည်းများအရည်အသွေးကောင်းပြီး မြန်မာပြည်နဲ့ကွာတာက ထုတ်ပိုးမှုဖြစ်ပါတယ်။ မြန်မာပြည်မှာက တစ်ချို့ထုတ်ပိုးမှုတွေအိတ်တွေဝယ်မရပါ။ ဝယ်ရရင်လည်း Minimum order quantity (MOQ) က များပါတယ်။

OEM ဆိုပင်မဲ့ အနည်းဆုံးမှာယူရတာက အတော်နည်းပါတယ်။ ကွေ့တရို ခေါက်ဆွဲခြောက်ဆိုရင် အထုတ် ၂၀၀၀၀ မှာတာနဲ့လုပ်ပေးနိုင်ပါတယ်တဲ့…

စျေးနှုန်းကတော့ လက်ရှိငွေဈေးနဲ့တွက်ရင်ကြီးတယ်လို့ထင်ရပါတယ်။

အလှကုန်ကတော့ OEM ဈေးနှုန်း က စိတ်ဝင်စားစရာပါ။

ကျွန်တော်မိတ်ဆွေတွေ OEM စိတ်ဝင်စားရင် လုပ်ချင်ရင်ချိတ်ဆက်ပေးပါမယ်။

နောက်ဆုံးလေ့လာခဲ့တဲ့ OEM Skin care and Healthcare လုပ်ငန်းကတော့ တော်တော်စုံပါတယ်။

အဆီကျကော်ဖီ
ကော်လဂျင်ပါတဲ့ကော်ဖီ
အလှကုန်မျိုးစုံ စုံလို့ပါဘဲ။

OEM, ODM စတာတွေ အားလုံး လုပ်လို့ရပါတယ်။

ဗဟုတုတတွေအများကြီးရပါတယ်။

လိုက်ပါလာတဲ့ လုပ်ငန်းရှင် ၄၀ ကျော်ကိုစက်ရုံထုတ်အလှကုန် ဘတ် ၂၅၀၀ တန်ဖိုးရှိအလှကုန်ပစ္စည်းတွေကို အဖွဲ့ခေါင်းဆောင် “အမ ကေ” က လက်ဆောင်ဝယ်ပေးလိုက်ပါတယ်။

ဝရုန်းသုံးကား ထမင်းစားရတာကတော့ အမှတ်တရဖြစ်ခဲ့ရပါတယ်😄

Hotel ရောက်တော့ ည ၁၂နာရီကျော်နေပါပြီ။

အမှတ်တရ

Aung Si Lin
28.11.2O24

#WeAreOne

 

Facebook
Twitter
LinkedIn

Created by

CLC

Continuous Learning College