Day 5 We are One Industrial Visit Trip in Thailand 🇹🇭

Day 5
We are One Industrial Visit Trip in Thailand 🇹🇭

မနေ့က Hotel ရောက်တဲ့အချိန်နောက်ကျလို့ Day 5 အကြောင်းအခုမှရေးလိုက်ရပါတယ်။

Day 5 နေ့မှာ
We are One လုပ်ငန်းရှင်များကို ခေါက်ဆွဲစက်ရုံက Hotel လာပြီး အတူပူးပေါင်းလုပ်နိုင်မည့် ကိစ္စများကို Business Matching လုပ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ နာမည်ကြီး ဌက်သိုက်စက်ရုံသွားပြီး လေ့လာကြပါတယ်။ ဒီ ဌက်သိုက်စက်ရုံက နိုင်ငံခြားကို Export အများကြီးလုပ်နေတဲ့စက်ရုံပါ။
အဖွဲ့ထဲကလုပ်ငန်းရှင် တစ်ချို့နဲ့လည်း MOU ထိုးကြပါတယ်။

ဒီနောက်ဖြန့်ချိရေးလုပ်ငန်းတစ်ခုသွားလေ့လာကြပါတယ်။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအမှတ်တံဆိပ် အတော်များများကို ကိုယ်စားလှယ်ယူပြီးဖြန့်ချိနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အပြင် အိမ်နီးချင်းတိုင်းပြည်များသို့ ဖြန့်ချိနေသော ဖြန့်ချိရေးကုမ္ပဏီဖြစ်ပါတယ်။

ဒီနောက်မှာတော့ ညစာသုံးဆောင်ကြပါတယ်။ ညစာစားပွဲမှာ ထိုင်းနိုင်ငံကုန်သွယ်​ရေးဌာနက ဒါရိုက်တာ နှင့် ဇနီး ကြွရောက်ခဲ့ပါတယ်။ EXMI Bank မြန်မာပြည်ကိုယ်စားလှယ်လည်း လာရောက်ခဲ့ပါတယ်။

ကျွန်တော်ကတော့ Pathumthani University ကို သွားပြီး MOU ထိုးဖို့ဆေးနွေးခဲ့ပါတယ်။

အမှတ်တရနေ့ရက်များဖြစ်ခဲ့တဲ့နေ့တစ်နေ့ပါ….

အမှတ်တရ

Aung Si Lin
27.11.2O24

Facebook
Twitter
LinkedIn

Created by

CLC

Continuous Learning College