Day 4
We are One Industrial Visit Trip in Thailand….
ဒီနေ့ကတော့ အမှတ်တရနေ့ပါ…
ထိုင်းလုပ်ငန်းရှင်များနှင့်မြန်မာလုပ်ငန်းရှင်များတွေ့ဆုံကြပြီး Business Meeting လုပ်ကြပါတယ်။
ထိုင်းလုပ်ငန်းရှင်များက သူတို့စက်ရုံထုတ် ထုတ်ကုန်များကို ပြသပြီး မြန်မာလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးဆွေးနွေးကြပါတယ်။
မြန်မာပြည်မှာ ထိုင်းသံအမတ် လုပ်ခဲ့သူ သံအမတ်ကြီးလည်း တက်ရောက်အားပေးခဲ့ပါတယ်။
မအားလပ်တဲ့ကြားက မြန်မာလုပ်ငန်းရှင်များအား ထိုင်းနိုင်ငံစီးပွားရေးအခွင့်အလမ်းများကိုမျှဝေပေးသော ဆရာဦးမျိုးမြင့် Shwe Koon Cheng ကိုလည်းကျေးဇူးတင်ရှိပါတယ်။
မြန်မာလုပ်ငန်းရှင်များကလည်း မြန်မာထုတ်ကုန်များကိုခင်းကျင်းပြသပြီး ထိုင်းကုန်သည်များနှင့်ချိတ်ဆက်ပြီး ထိုင်းနိုင်ငံတွင် ဖြန့်ချိရောင်းချနိုင်ရေးဆွေးနွေးကြပါတယ်။
မြန်မာမိတ်ဆွေများ၊ ထိုင်းမိတ်ဆွေများ ဆုံတွေကြတဲ့နေ့ဖြစ်ပါတယ်။
ဒီနောက်…
Parking စက်ရုံ နှင့် အလှကုန်ထုတ်လုပ်တဲ့စက်ရုံများသို့လေ့လာခဲ့ကြပါတယ်။
ည Dinner ကို သဘော်ပေါ်မှာ ညစာသုံးဆောင်ကြပါတယ်။
မိတ်ဆွေတွေပေါများခဲ့တဲ့နေ့တစ်နေ့ပါ။
အမှတ်တရ
Aung Si Lin
26.11.2O24
#WeAreOne
@highlight