Day 3 We are One Industrial Visit Trip (Thailand)

Day 3
We are One Industrial Visit Trip (Thailand)

🌳 Princ Hospital Lamphun
ဆေးရုံကိုသွားရောက်လေ့လာခဲ့ပါတယ်။ ချင်းမိုင်မြို့တွင်ရှိပြီး စရိတ်သက်သာတဲ့ဆေးရုံတစ်ရုံဖြစ်ပါတယ်။ ဆေးရုံကုသတဲ့ စက်ပစ္စည်းများစုံလင်ပြီး ဝန်ထမ်းများ ဖော်ရွေကြပါတယ်။ မြန်မာပြည်က နေ ထိုင်းမှာစရိတ်သက်သာစွာနဲ့ဆေးကုသချင်ရင်ကောင်းတဲ့ဆေးရုံတစ်ခုပါ။

🌳 S.V.T MACHINERY Co.,Ltd
(Dry Fruit Factory in Lumpoon)
အသီးအခြောက်ခံစက်များထုတ်လုပ်ပြီးသစ်သီးမျိုစုံ အခြောက်ခံရောင်းတဲ့စက်ရုံပါ။
ထူးခြားတာက မြန်မာပြည်မှာ ရှိတဲ့ သီးနှံမျိုးစုံကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ရာသီမရွေး ရောင်းနိုင်အောင်စီစဥ်ထားတာပါ။ OEM ထုတ်လုပ်ပေးနိုင်ကြောင်း မိတ်ဆက်ပါတယ်။ ကျွန်တော်အတွေးကတော့ မြန်မာပြည်မှာသာထုတ်လုပ်နိုင်ရင်ဆိုပြီး အိုင်ဒီယာအသစ်တွေရရှိခဲ့ပါတယ်။

🌳 Granola Farm Co.,Ltd
Crunchy Monkey,Granola Product,Energy (Bar,Snacks,Cereals,etc)
Energy bar စက်ရုံဖြစ်ပြီး UAE နိုင်ငံကို Export လုပ်နေတဲ့စက်ရုံပါ။ OEM , Wholesales ယူရောင်းလို့ရကြောင်း စက်ရုံပိုင်ရှင်က မိတ်ဆက်ပါတယ်။

ကျွန်တော်တို့ We are One မိတ်ဆွေတွေအတွက် အတွေ့အကြုံကောင်းတွေရခဲ့သလို နယ်ပယ်စုံက မိတ်ဆွေအသစ်တွေရခဲ့ပါတယ်။

အမှတ်တရ

Aung Si Lin
25.11.2O24

#WeAreOne

 

Facebook
Twitter
LinkedIn

Created by

CLC

Continuous Learning College